မြဝတီ စက်တင်ဘာ ၈
ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် စာပေဖတ်ရှုမှုစာဖတ်ရှိန်နှုန်း မြင့်မားတိုးတက်စေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် ၁၁ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများသည်အခြေခံ ပညာအထက်တန်းကျောင်းထ-ခွဲ(၁)တွင်Mobile Libraryကွင်းဆင်းဆောင်ရွက်ပေးသည်။
ကွင်းဆင်းဆောင်ရွက်ပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများနေ့ခင်း အားလပ်ချိန်တွင် စာပေဖတ်ရခြင်း အလေ့အအကျင့်ကောင်းများရရှိ၍ စာပေမှရရှိသည့်အသိဖြင့် အမှား/အမှန်ဝေဖန်ပိုင်ခြားတတ်စေပြီး ကျောင်းစာသင်ကြားရာတွင်လည်းများစွာ အထောက်အကူပြုစေမည်ဖြစ်ကာ မိမိဖတ်ရှုသည့်စာပေများမှသူတစ်ပါးအား ပြန်လည်မျှဝေပေးနိုင်ရန်တို့အတွက် ဗဟုသုတဖြစ်ဖွယ်သုတ/ရသ စာပေ (၁၀၀) အုပ်တို့ကို ငှားရမ်းပေးခဲ့သည်။
ထို့သို့ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အပတ်စဉ်အခြေခံပညာကျောင်းများအလိုက်ပုံမှန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)