နယ်ရုံးများ၏သတင်းများ

Sep 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့်အမှတ်(၃)၊ အောင်ဇေယျရပ်ကွက်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး ခုရေ ၄၀၀၀ ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခြင်းအား ယနေ့နံနက် ၇ နာရီအချိန် Mask Campaign ပြုလုပ်ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Sep 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ကစာအုပ်/စာစောင်ပြပွဲဆောင်ရွက်ပြီးစာအုပ်များ စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Sep 08,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မစည်ပင်သာဈေး၌ ယနေ့နံနက် ၇နာရီအချိန်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာသည့် အခါတိုင်း Mask စနစ်တကျတပ်ဆင်ရေးသွားလာရေး Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလေးများ ကာယ၊ ညာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန်  ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 08,2022
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉အိုမီခရွှန်မျိုးကွဲ B4B5ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ဝန်ထမ်းများစုပေါင်း၍ လူစည်ကားရာနေရာတို့တွင် သွားလာကြသည့် ပြည်သူ့များအား နှာခေါင်းစည်း mask တပ်ဆင်၍သွားလာကြရေးအတွက်maskCampagin ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့နံနက်၈နာရီချိန်က ကေ့ာကရိတ်မြို့မြို့မစျေးကြီးရှေ့တွင် ပြု လုပ်ခဲ့ကြောင်းသိရသည်။
Sep 08,2022
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးဦးစီးပြီး ကလေးများကို စာရေးဆရာ ဖြိုးသာရရေးသားသော"ကလေးများအတွက် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
Sep 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) တွင် ယနေ့နံနက်(၁၀)နာရီက လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။