ကမာရွတ်မြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်

ကမာရွတ်    စက်တင်ဘာ   ၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ​​​ယ​နေ့နံနက်ပိုင်းက စက်တင်ဘာ(၁၃)ရက်​နေ့တွင် ကျ​ရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေး​နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေးအတွက် အသိပညာပေး Talk Show ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး  Talk  Show  တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိဒေါ်စိမ်းလဲ့က Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရှင်းလင်း​ပြောကြားပြီး ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်အတွက်​ မေးမြန်းခဲ့ရာ စာရေးဆရာမပေါက်​ပေါက်က မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီသီး၌ လူကုန်ကူးမှုသည် ပုံစံမျိုးစုံဖြင့်ရင်ဆိုင်​နေရ​သော ပြသာနာတစ်ရပ်ဖြစ်​ကြောင်း မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်မြန်မာနိုင်ငံသာများအား အဓမ္မလုပ်အားခိုင်း​စေမှု၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု၊ အဓမ္မထိမ်းမြားလက်ထပ်မှု၊ အဓမ္မကိုယ်ဝန်​ဆောင်မှုစ​သော လှုကုန်ကူးမှုပုံစံများဖြင့် လူကုန်ကူးခံ​နေရ​ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းစီမံချက်များချမှတ်၍ အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေကြောင်း၊ လူကုန်ကူးမှုမဖြစ်ပွား​စေ​ရေး ကြိုတင်ကာကွယ်​ရေးလုပ်ငန်းများကို ပြည်သူလူထုအကြားကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်​ရေးအတွက်​ ဆောင်ရွက်​နေမှု၊ တရားဥပဒေနှင့်အ​ရေးယူအပြစ်​ပေး​နေမှုများကို ပြည်သူများသိရှိနိုင်​စေရန် အသိပညာပေး​ ​ဆွေး​နွေးခဲ့​ကြောင်းသိရှိရပါသည်။

စိမ်းလဲ့(ပြန်ဆက်)