ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်

ကရသူရိ စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက လူကုန်ကူးခြင်းဆိုသည်မှာ လူများအားလှည့်စားခြင်း၊ သွေးဆောင်ဖြားယောင်ခြင်း၊ အတင်းအကျပ်ခိုင်းစေခြင်းနှင့်လူအများကို ‌‌ရောင်းဝယ်ဖောက်ကားခြင်း စသည့်တိုပါဝင်ပြီး အထူး သဖြင့် အမျိုးသမီးများနှင့်ကလေးများကို ကုန်းကူးလျက်ရှိကြောင်း၊ လူကုန်ကူးမှုပုံသဏ္ဍာန်နှင့် နည်းလမ်းအမျိုးမျိုးရှိ ပြီးထိုအန္တရာယ်များကိုကာကွယ်နိုင်ရေး မိမိတို့ကယုံကြည်မလွယ်ကူကြရန်၊ ဆုံးမနာယူမှု ခံယူကြရန်၊ သွေးဆောင်ရာသို့ အလွယ်တကူလိုက်ပါခြင်းမပြုလုပ်ကြရန်တို့ကို ပညာပေးပြောကြားသည်။

ထို့နောက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ပညာပေးပြသရာ ကျောင်းသား/သူများမှ စိတ်ဝင်တစ်စားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)