Aug 02,2022
သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုကို လျော့နည်းလာစေရန်နှင့် ရောဂါဖြစ်ပွားမှုကြောင့် သွေးလန့်၍ အသက်ဆုံးရှုံးမှုများ မရှိစေရန်အတွက် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပသည်။