နယ်ရုံးများ၏သတင်းများ

Sep 07,2022
၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁ဝ) နာရီက သင်္ဂတုန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 07,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  အမှတ်(၅)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံ ကျောင်း(ခွဲ)၌ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နိုင်စေရန်  ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေးအသိပညာ‌ဟော‌ပြောပွဲ ပြုလုပ်ခဲ့သည်။
Sep 07,2022
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် လူငယ်လူရွယ်များစာဖတ်ရှိန်မြှင်တင်ရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀) နာရီက ကေ့ာကရိတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ (အ.ထ.က)ကျောင်းတွင် ယနေ့နံနက် ၁၁ နာရီက ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက သွားရောက်ကာ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ် စောင့်ရှောက်ရေးအသိပညာပေး ဆောင်ရွက်ချက်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပုလောမြို့နယ် Community Centre၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
Sep 07,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ယနေ့ နံနက် ၁၁ နာရီက  စာ​​ရေးဆရာ မြတ်ဌေး(ပေါက်လေ) ရေးသားပြုစုသည် "ပျိုးခင်းသစ် ကလေးကဗျာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။                                                
Sep 07,2022
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၈ရက်နေ့မှာ ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကို တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့ နယ်၊ အထက-တနင်္သာရီကျောင်း (Grade- 11)ခန်းအတွင်း ယနေ့နံနက် ၉နာရီမှ ၁၀နာရီအထိ ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။