နယ်ရုံးများ၏သတင်းများ

Oct 23,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ(၃)နာရီကလူငယ်နှင့်စာပေအသိပညာပေး TalkShow ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Oct 23,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။
Oct 23,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အလုပ်ဌာန(၂၂)ဌာနတို့အား လူမှုဖူလုံရေးအကြောင်းသိကောင်းစရာများနှင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မုဒုံမြို့နယ် လူမှုဖူလုံရေးရုံး၌ပြုလုပ်ခဲ့သည်။
Oct 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “နိုင်ငံ့ဝန်ထမ်းဥပဒေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 22,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
Oct 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နေ့လယ်(၂)နာရီအချိန်တွင် ဘိုကလေးမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ အရောက်သွားကာ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာပေးဟောပြောပွဲနှင့်အတူ စာအုပ်ပြပွဲ ကျင်းပဆောင်ရွက်သည်။
Oct 22,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် သုတဉာဏ်စမ်းပြိုင်ပွဲပြုလုပ်ပြီး သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်းသိရသည်။
Oct 22,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က   စာအုပ်ပြပွဲခင်းကျင်းပြသခဲ့ကြောင်းသိရသည်။