နယ်ရုံးများ၏သတင်းများ

Oct 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွား ပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး   Mask  Campaign ဆောင်ရွက်ခဲ့သည်။
Oct 26,2022
 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အမျိုးသမီးများအဖွဲ့ (Woman Club )နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
Oct 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Oct 25,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင်  ကျရောက်သည့် ကမ္ဘာ့ကုလသမဂ္ဂနေ့ အထိမ်းအမှတ် Talk Show ကို ယမန့်‌နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှိုင်သာယာ(အနောက်ပိုင်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2022
မန္တလေးတိုင်းဒေသကြီ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက Digital Library Management System (DLMS) အသုံးပြုနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Oct 25,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကလေးငယ်များအား ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် ကလေးစာဖတ်ခန်းအားမည်သို့မည်ပုံ အသုံးချတတ်စေရေး ရည်ရွယ် ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာကြည့်တိုက်စီမံခန့်ခွဲရေးလက်စွဲ စာစောင် စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။