နယ်ရုံးများ၏သတင်းများ

Oct 21,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌  ယနေ့နံနက် ၁၀ နာရီက စာရေးဆရာဟိန်းဇေ ကိုယ်တိုင်ရေးသားသော တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော်စာအုပ်ဖြင့် ရေးသူ/ဖတ်သူ စာ‌ပေဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်အထိ ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူရုံးဝန်ထမ်းများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 21,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်စုံခြယ်ပြိုင်ပွဲနှင့်‌ စာဖတ်ရှိန်မြှင့်တင် ရေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီခွဲတွင် ကျင်းပသည်။
Oct 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အမျိုးသမီးများအကြမ်းဖတ်ခံရမှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ရိုက်ကူးထုတ်လွင့်ခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းကာ ရိုက်ကူးထုတ်လွင့်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေး ဟောပြောခြင်းနှင့် စာဖတ်ဝိုင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီခန့်က ဇေယျသုခ ခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဖိုးဒေဝ)ကျောင်း၌ ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။