နယ်ရုံးများ၏သတင်းများ

Oct 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများတိုးပွား​စေရန်စာဖတ်ရှိန် မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
Oct 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းသား/သူများအား ယနေ့မွန်းလွဲ ၁၂နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ စာအုပ်/စာစောင်များကို ခင်းကျင်း ပြသ၍ စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Oct 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ ညနေ (၂)နာရီက အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေးTalk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
Oct 27,2022
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဒေါ်သန်း သန်း၀င်း(မြန်မာ့ရုပ်သံ-ငြိမ်း) ရေးသားပြုစုထားသည့်"အခမ်းအနားမှူး‌ကောင်းတစ်ယောက်" စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.လ.ကကိုင်းကြီးကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။
Oct 27,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်(Community Centre) ခန်းမတွင်(၁၀၂)နှစ်မြောက် အမျိုးသာအောင်ပွဲနေ့အထိမ်းအမှတ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
Oct 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အောင်ချမ်းသာရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။
Oct 27,2022
 စာဖတ်သည့် အလေ့အကျင့်များ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။