နယ်ရုံးများ၏သတင်းများ

Oct 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာအောင်သင်း၏ အားနေသော လက်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
Oct 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 22,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီ အချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးများ စုစည်းတင်ဆက်မှု “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး”စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
Oct 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်အကျင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
Oct 22,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ ထူပါရုံ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 22,2022
စာအုပ်စာပေဝါသနာပါသူ(Club)အဖွဲ့ဝင်များ စုစည်း၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “ဘဝကိုကောင်းကျိုးမပေးသော လူ့မာန"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ရွှေတောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Oct 22,2022
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စောစောင်နှင့်ဓာတ်ပုံပြပွဲ အခမ်းအနားအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ယမန်နေ့ မွန်းလွဲပိုင်းက အထက(ခွဲ) ဆယ်မိုင်ကျောင်းတွင် ပြုလုပ်သည်။