ကသာ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “နိုင်ငံ့ဝန်ထမ်းဥပဒေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စောကလျာက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနည်းဥပဒေ အခန်း(၁၅)၊ အပိုဒ် ၁၆၃ ပါ လုပ်ငန်းခွင် အတွင်းပြုမူဆက်ဆံမှု စည်းကမ်းဆိုင်ရာ(၂၁)ချက် အကြောင်းအရာများနှင့် ပတ်သက်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက အခန်း(၆) “ခွင့်ခံစားခြင်း” အကြောင်း အရာများကိုလည်းကြောင်း၊ စာရေးကြီး ဒေါ်တင်မြမြဝင်းက အခန်း(၇)ပါ “ရာထူးတိုးမြှင့်ခြင်း” အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများ၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိ ဒေါ်စောကလျာက တိုးတက်ရာ တိုးတက်ကြောင်းကို ရည်မှန်းချက်ရှိစွာ သွားရမည်ဖြစ်ကြောင်း၊ ဘဝခရီးကိုစတင် လျှောက်လမ်း ရွေးချယ်ရမည့် လူငယ်တို့တွင် တက်လမ်းကို မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ရမည်၊ သည်းခံခြင်း၊ ဇွဲရှိခြင်း၊ ငယ်စဉ်ကပင် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ်ရှိဖို့ လိုအပ်ကြောင်းတို့ကို ဖြည်စွက်ရှင်းလင်းဆွေးနွေးသွားကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)