ဘူးသီးတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်စာပေအသိပညာပေး Talk Show ပြုလုပ်

ဘူးသီးတောင်  အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ(၃)နာရီကလူငယ်နှင့်စာပေအသိပညာပေး TalkShow ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင်ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က လူငယ်နှင့်စာပေသိပညာပေး TalkShowကျင်းပ ပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး ကျောင်းအုပ်ဆရာကြီး (အငြိမ်းစား)ဦး သန်းလှိုင်က လူငယ်တွေအနေဖြင့် စာပေဗဟုသုတအတွေးအမြင်ကြွယ်ဝဖို့ စာပေများဖတ်ရှု သင့်ပါကြောင်း၊ စာပေမြင့်မှ လူမျိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ လူမှုပတ်ဝန်းကျင်ဆက်ဆံတတ်မှုများ၊ လူငယ်တွေအနေဖြင့် ပညာသင် ကြားခြင်းဟာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်ပါကြောင်းနှင့် လူငယ်များအသိ ပညာဗဟုသုတရရှိစေရန်အလို့ငှာ အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးအနေဖြင့် အသိပညာပေး TalkShowများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ်အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ်တင်ဆက်ပေးလျက်ရှိရာ ယခု TalkShow အပြည့်အစုံကိုလည်း WeLove Buthidaungနှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ စာကြည့်တိုက်FacebookPage များမှ လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)