တောင်ငူ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။
စာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း နာယက ဦးစောဂျရုန်း က လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ တက်ရောက်ကာ အသိပညာဗဟုသုများ တိုးပွားလာစေပြီး အရာရာတိုင်း စဉ်းစားဆုံးဖြတ်နိုင်သည့် အတွေးအခေါ်ကောင်းများ ရရှိလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စာရေးဆရာ ချစ်နိုင်စိတ်ပညာ၏ ဘဝတက်လမ်းအခြေခံများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ စာအုပ်ပါ အကြောင်းအရာများကို တက်ရောက် ကြသူများက မိမိတို့၏ ထင်မြင်ယူဆချက်များ၊ အတွေးအခေါ်များကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သုံးသပ်ဆွေးနွေးကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)