မြောက်ဦး အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က စာအုပ်ပြပွဲခင်းကျင်းပြသခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ်၊ နိုဘင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန Community Centre ခန်းမ၌ ကျောင်းသူ/ ကျောင်းသားများနှင့် ရပ်ကွက်နေပြည်သူများအား စာအုပ်စာစောင်များ၊ မဂ္ဂဇင်းများ၊ အသိပညာဗဟုသု ရရှိမည့်စာအုပ်များ၊ မြန်မာနိုင်ငံသမိုင်းနှင့်သက်ဆိုင်သောစာအုပ်များ၊ ရခိုင်သမိုင်းစာအုပ်များ၊ အမျိုးသားအောင်ပွဲနေ့သိကောင်းစရာစာအုပ်များစသည့် စာအုပ်များစွာကို ခင်းကျင်းပြသလျှက်ရှိကြောင်း အဆိုပါစာအုပ်၊ စာစောင်များစွာကို ရပ်ကွက်နေ ပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာလာရောက် ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စိုးငြိမ်းနိုင် (မြောက်ဦး ပြန်/ဆက်)