ချမ်းအေးသာစံ အောက်တိုဘာ ၂၇
စာဖတ်သည့် အလေ့အကျင့်များ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံ ၏အနာဂတ်များဖြစ်သည့်အတွက် စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရရှိပြီး စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ခွဲခြားနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ရာ စာကြည့်တိုက်သို့ လာရောက်ကြသော ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်