နယ်ရုံးများ၏သတင်းများ

Oct 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် တန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂) နှစ် မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားနေ့ဆိုင်ရာ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နေ့လည်ပိုင်းက ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Oct 28,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍‌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွား‌ စေရေးအတွက် “လူငယ်စကားဝိုင်း” ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရက်ကွက် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ကော့မှူး) ကျောင်း၌ ကျင်းပခဲ့သည်။
Oct 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီအချိန်က တံတားမြို့ အမှတ် (၂) ရပ်ကွက် အတွင်းရှိ အ.မ.က ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ နှင့်အသိပညာပေး ဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 28,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက ခလုပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခလုပ် ပန်းမျိုးတစ်ရာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 28,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ မောင်နေခြည်(ပြည်)၏ထပ်တူကျသော နှလုံးသားများစာအုပ်ကို စာဖတ်ဝိုင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 28,2022
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှု့ခြင်းဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိအမြင် ဗဟုသုတများရရှိစေရန် ရည်ရွယ်လျက် ယနေ့ နံနက်တွင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဗိုလ်ချုပ်ကျေးရွာရှိ အမှတ် (၁) မူလွန်ကျောင်းသို့ ကွင်းဆင်း၍ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲ ကျင်းပခဲ့သည်။
Oct 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ ကောင်းပြည့်သော်ရေးသားသည့်  အောင်မြင်ကြီးပွားရွှေစကားစာအုပ်အား ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။