နယ်ရုံးများ၏သတင်းများ

Oct 28,2022
ကျောင်းသား၊ လူငယ်များ မြန်မာ့ရိုးရာစကားပုံများကို သိရှိတန်ဖိုးထားတတ်စေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန်အတွက် ရည်ရွယ်ကာ အလုံ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီက စကားပုံဆက်ပြိုင်ပွဲနှင့် Memoery Game ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
Oct 28,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေအကြောင်းသိကောင်းစရာ Talk Show ကို ယမန်နေ့နေ့လည် ၂ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 27,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စိတ်ကြိုက်စာပေ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 27,2022
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန ပြည်တက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ နေ့သင်တန်းများအတွက် ကျောင်းဝင်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တက္ကသိုလ်‌ သင်တန်းရေးရာဌာနမှူးထံက သိရသည်။ 
Oct 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ဓမ္မအသိဖြင့်ဘဝမြှင့်တင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Oct 27,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Mobile Phone ဖြင့် Video Editing ပြုလုပ်နည်းသင်တန်း(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉:၃၀ နာရီက ကျင်းပခဲ့သည်
Oct 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊  ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်ရုံးမှ ဒေါ်ခိုင်ဇာလင်းနှင့်ဒေါ်ဝင့်ဝါနိုင်တို့က မြန်မာ့ရုပ်ရှင်များနေ့အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်များ ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသည့် အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။