ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော

ပန်းတောင်း အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.လ.ကကိုင်းကြီးကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ အ.လ.ကကိုင်းကြီးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်ဦးက အလိမ္မာစာမှာရှိသည်နှင့်အညီ စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာများတိုးတတ်စေသည့်အပြင် စာဖတ်ခြင်းဖြင့်ဉာဏ်ရည်ဉာဏ်သွေးများမြင့်မားခြင်း၊ ဖြတ်ထိုးဉာဏ်များထက်မြက်စေခြင်းစသည့်အချက်များနှင့် စာပေများဖတ်ရှုခြင်းဖြင့် အသိပညာတိုးတက်စေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်သို့သွားရောက်၍ စာပေများလေ့လာဖတ်ရှုစေရန်စသည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာသစ်ဇော်မှ"အရိုးပေါ်အရွက်မဖုံးစေရ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အောင်မြင့်ကျော်တို့မှ "လူငယ်နှင့်ရသစာပေ"ခေါင်းစဉ်ဖြင့့်လည်းကောင်း သုတ/ရသအကြောင်းအရာများကို ဟောပြောခဲ့ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)