ချမ်းမြသာစည်မြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ချမ်းမြသာစည်  အောက်တိုဘာ ၂၇

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ဒေါ်သန်း သန်း၀င်း(မြန်မာ့ရုပ်သံ-ငြိမ်း) ရေးသားပြုစုထားသည့်"အခမ်းအနားမှူး‌ကောင်းတစ်ယောက်" စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းကစာအုပ်စာပေများကို ဖတ်ရှုလေ့ လာခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်‌ကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်စာအုပ်တွင် ပါဝင်သည့် MC တစ်ယောက်တွင်ရှိရမည့် အဓိက အရည်အချင်းများ ခေါင်းစဉ်ကို  ဦးဆောင်ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး BookClubအသင်း၀င် ဒေါ်ဆန်းညွန်ရီက"အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာသုံးစွဲပြောကြားခြင်း"ခေါင်းစဉ်ကို လည်း ကောင်း၊ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က "ကြိုတင်ပြင်ဆင်မှု" ခေါင်းစဉ်ကိုလည်းကောင်း၊ ရုပ်/သံကျွမ်းကျင်(၃) ဒေါ်ညိုညို၀င်းက "ထူးခြားသောအခမ်းအနားများ"ခေါင်းစဉ်ကို လည်းကောင်း အသီးသီးဖတ်မှတ် ဆွေးနွေးခဲ့ကြသည်။    

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ အများပြည်သူများ ဖတ်ရှုလေ့လာသင့်သည့် သုတ/ရသစာအုပ်ကောင်းများကို ရွေးချယ်ကာ စာဖတ်ဝိုင်း၊ စာပေဆွေး‌နွေးပွဲများကို ကျင်းပဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်းသို့ Book Club အဖွဲ့၀င်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း