ဒေးဒရဲမြို့၌ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ ညနေ (၂)နာရီက အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေးTalk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က အမျိုးသမီးများ အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်မှု အမျိုးအစားများနှင့် ကြိုတင်တားဆီးကာကွယ်ရေး နည်းလမ်းများကို တွေးဆုံမေးမြန်းခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီမြင့်က အမျိုးသမီးများ အကြမ်းဖက်ခံရနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် စီးပွားရေးအပေါ် အကြမ်းဖက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုပါအကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြို့ပေါ်နှင့် ကျေးရွာများတွင် အမျိုးသမီးများ အကြမ်းဖက်မှုများ ကာကွယ်တားဆီးရေး ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို အသိပညာပေး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနည်းလမ်းများနှင့် ဥပဒေရေးရာကိစ္စရပ်များကို အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း