တံတားဦး အောက်တိုဘာ ၂၇
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်(Community Centre) ခန်းမတွင်(၁၀၂)နှစ်မြောက် အမျိုးသာအောင်ပွဲနေ့အထိမ်းအမှတ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရရှိရေးအတွက် Talk Show များ၊ ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပပေးမည်ဖြစ်ကြောင်း၊ သို့အတွက် လိုအပ်သည်များကိုဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများမှ မိမိတို့အနေဖြင့် စေတနာအပြည့်အဝဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အသီးသီးဆွေးနွေးကြရာ မြို့နယ်ဒုတိယဦးစီးမှူးမှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)