သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ စာအုပ်/စာစောင်များ ခင်းကျင်းပြသ၍ စနစ်တကျငှားရမ်းပေး

သရက်ချောင်း   အောက်တိုဘာ   ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သရက်ချောင်း မြို့၊ အခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းသား/သူများအား ယနေ့မွန်းလွဲ ၁၂နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ စာအုပ်/စာစောင်များကိုခင်းကျင်း ပြသ၍ စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရ သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရန် စာကြည့်တိုက်သို့လာရောက်၍ စာအုပ်/စာစောင်များဖတ်ရှုဌားရမ်းနိုင်ကြောင်း၊ စာဖတ် ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ကြောင်း၊ စာဖတ်သည့်လူနှင့် စာမဖတ်သည့်လူအသိ ပညာကြွယ်ဝမှုမတူကြောင်း စသည့်ဗဟုသုတရ ဖွယ်အကြောင်းအရာများဖြင့် ပြောကြားခဲ့ ကြောင်းသိရသည်။

ထို့နောက် ကျောင်းသား/သူများက စာအုပ်စာပေများကို စိတ်ဝင်စားစွာဖတ်ရှုလေ့လာနိုင်ရန်နှင့် ဗဟုသုတရရှိနိုင်ရန် သုတ၊ ရသ၊ ရုပ်ပြ၊ ဂျာနယ်၊ စာအုပ်၊ စာစောင်များကိုခင်းကျင်းပြသကာ ကျောင်းသား/သူများအား စာအုပ်/စာစောင်များကို စနစ်တကျငှားရမ်းပေးခဲ့ကြောင်းသိရသည်။

သားကြီး(သရက်ချောင်း)