နယ်ရုံးများ၏သတင်းများ

Dec 01,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပသည်။
Nov 30,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တောင်သူများကို ကော်ဖီတိုးချဲ့စိုက်ပျိုးရေးနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
Nov 30,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။
Nov 30,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)အား ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အားကစားပြုလုပ်ခြင်း ဖြင့်ရရှိမည့်အကျိုး ကျေး ဇူးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အား   ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ အားကစားပြုလုပ် ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အသိပညာပေးနှင့် ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး အားကစားနှင့်ကာယပညာဦးစီးဌာန  အားကစားမှူး ဦးဝဏ္ဏထွန်းက အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
Nov 30,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့လူ ထုအခြေပြုဗဟိုဌာန( Community-Centre)ခန်းမတွင်ယနေ့နံနက်( ၁၀) နာရီက စာပေချစ်မြတ်နိုးသူ(Book-Club)အဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း ပြီး စာရေးဆရာချစ်နိုင်( စိတ်ပညာ)ရေးသားသည့် "နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 30,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကွင်းဆင်းကြီးကြပ်အားပေးမှုများ ဆောင်ရွက်ခဲ့သည်။
Nov 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အကများကို လေးစားလိုက်နာတတ်စေရန် ရည်ရွယ်၍ “ဝ”တိုင်းရင်းသားတို့၏ ရိုးရာအကများ ရိုက်ကူးခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က ရိုက်ကူးခဲ့သည်။