နယ်ရုံးများ၏သတင်းများ

Jan 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ  ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ စာရေးဆရာ‌ ဆူးသစ်ရေးသားသော "ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို    ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
Jan 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၌ လှည့်လည် ငှားရမ်းပေးလျက်ရှိသည်။
Jan 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်၌ မက်မန်းမြို့(အ.ထ.က)ကျောင်းတွင် ပညာရေးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း ကျင်းပခဲ့ကြောင်း သိရသည်။
Jan 18,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊  စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နေ့လယ်(၁)နာရီအချိန်က စာရေးဆရာမြင်းခြံကျော်အောင်(ခ)သန်းထက်စံ ရေးသားသည့် "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်"   စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးများကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် မြင့်မားလာစေမည့်ပြိုင်ပွဲများဖြစ်သည့် ဘိုးလိမ်းပစ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 18,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
Jan 18,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးများဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့သည်။
Jan 17,2023
ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲအား ယမန်နေ့‌ နေ့လည်(၁)နာရီက ပြုလုပ်ခဲ့ပါသည်။