နယ်ရုံးများ၏သတင်းများ

Dec 05,2022
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်းကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဒီဇင်ဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ ပြင်ဦးလွင်ခရိုင်ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ယနေ့တွင် တတိယမြောက်နေ့အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
Dec 05,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၀၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး တို့ပူးပေါင်း၍ “လမ်းစည်းကမ်း အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက် ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်လူရွယ်များ ဂီတ၊ အနုပညာများဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် Basic Rhythm ဂစ်တာတီးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွှဲပိုင်း ကျင်းပသည်။
Dec 02,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
Dec 02,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာ အသင်းတို့ပူးပေါင်း၍ အားကစားပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်သည့် ပြည်သူများအတွက် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ကို ယနေ့ နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။