နယ်ရုံးများ၏သတင်းများ

Jan 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် စာဖတ်ရှိန်မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာပေချစ်သူများ အဆင်ပြေ စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အထက-မက်မန်းရှိ ကျောင်းသား၊ ကျောင်းသူများထံသို့ စာအုပ်၊ စာစောင်များ သွားရောက် ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
Jan 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ပေးရေး အွန်လိုင်းအသိပညာပေး Talk Show ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပပြုလုပ်သည်။
Jan 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးများကျန်းမာကြံ့ခိုင်စေရန်နှင့် ဉာဏ်ရည်မြင့်မားလာစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍  စာရေးသူ သက်ဝေမောင် ရေးသားထားသော “ပြိုင်ပွဲဝင်ဆုရ လက်ရွေးစင်ဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အားလပ်သော အချိန်တွင် ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာ‌ပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က (ဇလုတ်ကြီး) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ရိုက်ကူး တင်ဆက်ပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် (Book Club) အဖွဲ့တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်တာဆီး ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ကြောင်း သိရသည်။
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်(၉)နာရီက မြတ်ပညာခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ပူးပေါင်း စီစဉ်ကျင်းပသော “တို့ပတ်ဝန်းကျင်မထိခိုက်ရေးဆေးလိပ်၊ ဆေးရွက်ကြီး ရှောင်ရှားပေး” ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
Jan 19,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသားလူငယ်များ အထွေထွေဗဟုသုတများ တိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ​မြင့်မားလာစေရန်အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။