ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် တိုင်းရင်းဆေး အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်။

ကျုံပျော် ဖေဖော်ဝါရီ ၁၇

တိုင်းရင်းဆေးပင် ဆေးဝါးများ၏အကျိုးပြု အသုံးဝင်ပုံကို အများပြည်သူသိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ တိုင်းရင်းဆေး အသိပညာပေး Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်ခြင်းကို ဧရာဝတီတိုင်ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ ရက် နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ပြောကြားပြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေမှုများ၊ လက်ရှိရာသီအကူးအပြောင်းတွင်ဖြစ်ပေါ်သော ရောဂါများကို တိုင်းရင်းဆေးဖြင့် ကုသနည်းများနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းသည်။

ဆွေးနွေးမေးမြန်းမှုနင့်ပတ်၍ ကျုံပျော်မြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၁၆)ကုတင်ဆန့် တိုင်းရင်းဆေးရုံမှ ဒု-တိုင်းရင်းဆေးမှူး ဒေါ်ဇင်လဲ့မွန်က တိုင်းရင်းဆေးအဆင့်မြှင့်တင်ရန် ဆေးဝါးများကို စနစ်တကျ သုတေသနပြုဆောင်ရွက်လျက်ရှိမှု၊ ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သော ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အပူဝင်၊ အပူငုတ်ခြင်း စသည်တို့ကို မိမိတို့လက်တကမ်းရှိ တိုင်းရင်းဆေးဝါး၊ ဆေးပင်များဖြင့်ပျောက်ကင်းအောင် ကုသနိုင်ပုံများ၊ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာအောင် ကုသနည်းများ၊ ခွင့်ပြုချက်မရှိသည့် တိုင်းရင်းဆေးဝါး များ ရောင်းချခြင်း၊ သုံးစွဲခြင်း မပြုလုပ်ရေးကိစ္စရပ်များကို အများပြည်သူ သိရှိနိုင်စေရန် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။

ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူဗဟုသုတရရှိပြီး၊ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ သိရှိနိုင်စေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် အတွေးအမြင်ကြွယ်ဝစေရန်အတွက် မိမိရုံးရှိ Community Centre ခန်းမတွင် ယခုကဲ့သို့ အသိပညာပေး Talk Show များကို လစဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်ဦး (ပြန်/ဆက်)