မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ပြသ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး ရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်း ပြသခဲ့သည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူးထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ၊ လမ်းသွားလမ်းလာ မိဘပြည်သူများ ဝင်ရောက်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)