သဲကုန်းမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

သဲကုန်း ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ လူ့အသိုင်းအဝန်းတွင် တစ်ခြားသူများနည်းတူ ပူးပေါင်းပါဝင်ခွင့်ရရှိစေရေးရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ မသန်စွမ်းအခွင့်အရေးဥပဒေ၊ နည်းဥပဒေအခွင့်အရေးများ ရရှိနိုင်ရန် တူညီသော လူ့အခွင့်အရေးများကို အများနည်းတူ ပါဝင်လုပ်ဆောင်နိုင်စေရန်၊ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ၊ မှတ်ပုံတင်ဆောင်ရွက်ပေးမှု အခြေအနေ၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ပေးခြင်းနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ပြီး အခွင့်အရေးများ လက်လှမ်းမီရရှိစေရန်၊ ခွဲခြားဆက်ဆံခြင်း မရှိစေရန် လူ့အသိုင်းအဝန်းအတွင်း နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် နယ်ပယ် အသီးသီးတွင် အခြားသူများနည်းတူ အပြည့်အဝပူးပေါင်းပါဝင်ခွင့် ရရှိစေရန်စသည့် အကြောင်းအရာတို့ကို  ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး ပြန်/ဆက်