နယ်ရုံးများ၏သတင်းများ

Nov 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ) ၌ ကျင်းပခဲ့သည်။
Nov 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိပြီး လူရည်ချွန်၊ လူရည်မွန်များဖြစ် လာစေရန်နှင့် ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Nov 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
Nov 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူငယ်လူရွယ်များ စာပေဖတ်ရှုမှု ပိုမိုများပြားလာစေရန်နှင့် စာကိုဘယ်လိုဖတ်ရမလဲဆိုတာကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Comminity Centre ခန်းမတွင် စာဖတ်ခြင်းကို လေ့လာခြင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 27,2022
 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်စာပေချစ်မြတ်နိုးသူများအဖွဲ့ ( Youth Club )နှင့်စာဖတ်ဝိုင်းကို စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်ဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
Nov 27,2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေး(၁၆)ရက်တာ အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ရာ ကျောက်မဲမြို့အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်‌ရေးအသင်းမှ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းမှ ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်းသိရသည်။
Nov 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊  ဟုမ္မလင်းမြို့၌လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။