ရွှေကူ ဖေဖော်ဝါရီ ၁၇
(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံများကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက ခင်းကျင်းပြသခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်း ဓာတ်ပုံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသလျက်ရှိရာ လမ်းသွားလမ်းလာ မိဘပြည်သူများက ဝင်ရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)