နွားထိုးကြီးမြို့နယ် (Community Centre) ခန်းမ၌စာအုပ်စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

နွားထိုးကြီး ဖေဖော်ဝါရီ  ၁၇

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်စန်းမော်၏ ပညာရှင်စိတ်ထား စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းပြပြီး (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ ဒေါက်တာ ခင်စန်းမော်၏ ပညာရှင်စိတ်ထား စာအုပ်မှ ဘဝအချိုးကွေ့မှ အခက်အခဲ၊ စိန်ခေါ်မှုများ၊ မျှော်မှန်းချက်အသစ်များ ပြန်လည် သတ်မှတ် ခြင်း၊ ရောက်သည့်နေရာမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားခြင်း လူ့ဘဝဆိုတာ တစ်သမတ်တည်း အမြဲချောမွေ့မနေပါဘူး၊ ဘဝအချိုးအကွေ့တွေကို ရင်ဆိုင်ရတက်ပါတယ်၊ စာတော်ပြီးဆေး တက္ကသိုလ်တက်ဖို့ အမှတ်မှီတဲ့အစ်ကိုကြီးတစ်ယောက်ဟာ သူ့အဖေတိုက်ပွဲကျသွားတော့ အကြီး ဆုံးသားအနေနဲ့ မိသားစုကို ရှာဖွေကျွေးမွေးဖို့ ကျောင်းထွက်လိုက်ရတယ်၊ သူငယ်ချင်းတစ်ယောက်ရဲ့ ညီမလေးဟာ တိရစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ချင်တယ် အမှတ်လည်းမှီတယ် ဒါပေမဲ့ မောင်နှမများတဲ့ မိသားစုဆိုတော့ ရေဆင်းမှာတက်ရမယ့်ကျောင်းစရိတ်ကို မိဘတွေက မထောက်ပံ့နိုင်ဘူး သူဟာ ရိုးရိုးမေဂျာဘာသာတွဲပဲ တက်ခဲ့ရပြီး ကျောင်းဆရာမဘဝ၊ အခုတော့ ကျောင်းအုပ်ဆရာမကြီး ဘဝပေါ့ အဲဒီလိုင်းကိုရွေးချယ်ခဲ့ရတယ် တချို့ဆို အလုပ်လုပ်ရင်း ကျောင်းတက်ရတယ် ရောက်တဲ့ နေရာ မှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်လို့ စာရေးဆရာ ဒေါက်တာခင်စန်းမော်၏ ပညာရှင် စိတ်ထားစာအုပ်ပါအကြောင်း အရာများမှ နားလည်မှတ်သား ထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်