ရွှေကျင် ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး သုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုကိစ္စများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများရရှိမည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဆိုးကျိုးများအကြောင်းတို့ကို အကျယ်တဝင့်အသိပညာပေး ဟောပြောခဲ့သည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)