တောင်သာ ဖေဖော်ဝါရီ ၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲအကြောင်းနှင့်ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အကြောင်းနှင့်ပတ်သက်၍ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ဆွေးနွေးပြောကြားရာတွင် ကျေးလက်ဒေသများ၊ ကျောင်းများနှင့် ဆေးရုံဆေးပေးခန်းများ ရေရရှိရေး၊ ပတ်၀န်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာ၏ ဦးစားပေး ရည်မှန်းချက်တစ်ရပ်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်နေ ပြည်သူများအားလုံးသည် ထိရောက် ၍ အကျိုးရှိကာ ကုန်ကျစရိတ်ခံနိုင်သော အမှိုက်စွန့်သော ၀န်ဆောင်မှုများရရှိလျက် အမှိုက်များပြန်လည်သန့်စင်အသုံးပြုနိုင်ရေး ရည်မှန်း ချက်နှင့်အညီ ကျေးလက်ဒေသများတွင် ကျေးရွာအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ တောင်သာမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ၂၀၁၈-၂၀၁၉ ခုနှစ် (၆)လ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင် အထည်ဖော်ခဲ့ရာ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ကျေးရွာပေါင်း (၁၁)ရွာအား ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များမှာ အပတ်စဉ်စနေနေ့ တိုင်းရွာလုံးကျွတ် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တစ်အိမ်လျှင် ပီနံအိတ်(၁) အိတ်စီ ချိတ်ဆွဲထားရှိပြီး အမှိုက်များအား စွန့်ပစ်လျက်ရှိခြင်း၊ စွန့်ပစ်အမှိုက်များအား ထော်လာဂျီငှားရမ်းပြီး ကျေးရွာပိုင်မြေရှိ အမှိုက်ကျင်းများတွင် စွန့်ပစ်လျက်ရှိခြင်း၊ တစ်ပတ်တစ်ခါ စွန့်ပစ်ထားသော အမှိုက်များကို မီးရှို့ဖျက်စီးခြင်း၊ ကျေးရွာများတွင် အသိပညာပေးဆောင်ပုဒ်များအားစိုက်ထူထားရှိ ခြင်း၊အမှိုက်ပုံး အမှိုက်တောင်းများ ထားရှိခြင်းနှင့် အမှိုက်စနစ်တကျစွန့်ပစ်ခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများအကြောင်း စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)