နတ်တလင်းမြို့နယ်၌ (၇၅)နှစ်မြောက်၊ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများပြသ

နတ်တလင်း ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံများကို ပြသထားရှိသည်။

အဆိုပါ မြေစိုက်နံရံကပ်ဘုတ်တွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီး အကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများပါဝင်ပြီး ပြည်သူများနှင့်စာငှါး၊ စာဖတ်ပရိတ်သတ်များ လာရောက် ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)