နယ်ရုံးများ၏သတင်းများ

Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက အ.ထ.က(လှည်းကူး) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်‌နေ့ နံနက် ၉ နာရီခွဲက အထက(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု၊ သထုံတို့ပူးပေါင်းကာ ယနေ့နံနက်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်အတွက်ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေး Second Dose ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Dec 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း က Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မသန်စွမ်းသူများ အခွင့်‌အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Dec 02,2022
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ “ ကလေး အလုပ် သမားပပျောက်ရေး” အသိပညာ ပေး Talk Show ကျင်းပခြင်းကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။