နယ်ရုံးများ၏သတင်းများ

Jan 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/သူများအား Sinopharm Booster ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈:၃၀ နာရီက  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများစာဖတ်သည့်အလေ့အကျင့် ကောင်းများတိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက် ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကိုလွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းသို့ စာအုပ်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
Jan 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများသို့ ကွင်းဆင်း၍ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jan 20,2023
စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မသန်စွမ်း၊ အမျိုးအစားနှင့်အခွင့်အ​ရေးဆိုင်ရာ အသိပညာ‌ပေး (Talk Show) ကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
Jan 19,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွား လာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ တတ်စေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၃) နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Jan 19,2023
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jan 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth Club) လူငယ်အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာနတ်သျှင် (ရွှေဂူ) ၏ "လူငယ်များကို ပျိုးထောင်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Jan 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့က လူထုအခြေပြုဗဟိုခန်းမ၌ ပြုလုပ်သည်။