နယ်ရုံးများ၏သတင်းများ

Dec 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း”ကို ယနေ့နံနက် (၉)နာရီခွဲက အ.ထ.က (မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 05,2022
မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို မြောင်မြို့ လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့နံနက်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၀န်ထမ်းများသည် ယနေ့နံနက် (၁၁) နာရီအချိန်က ဟိုင်းလိုက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ Mobile Library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။
Dec 05,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှု လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက် သွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်အိုးအိမ်ဦးစီးဌာနနှင့် အထက (၁) သို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 05,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာ (Community Center) ၌ ယနေ့ မွန်းတည့် ၁၂ နာရီခွဲက ဒေသခံပြည်သူများ စာပေအသိပညာ ဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်ပြပွဲ ကျင်းခဲ့သည်။
Dec 05,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းကို ယနေ့နံနက် (၉)နာရီက ဟိုပန် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စတင်ဖွင့်လှစ်ခဲ့သည်။
Dec 05,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး နည်းပညာကျွမ်းကျင်မှု အရည်အသွေးမြင့်မား လာစေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းများကို ဖွင့်လှစ်ပေးရာ ယမန်နေ့တွင် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၃)သင်တန်း‌ဆင်းပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ (Community Centre) ၌ နေလယ် ၂ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။