ဇီဝမျိုးစုံ မျိုးကွဲများ၏အရေးပါပုံ အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၉

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးTalk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်မင်းသူဇာတို့က ဇီဝမျိုးစုံမျိုးကွဲများ၏အရေးပါပုံအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ကျင်းပ ဆွေးနွေးခဲ့သည်။

ဇီဝမျိုးစုံ မျိုးကွဲများ၏အရေးပါပုံအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ကျင်းပရာတွင်  ဇီဝမျိုးကွဲဆိုသည် ဂေဟစနစ်တစ်ခုအတွင်း၌နေထိုင်သော သက်ရှိသတ္တဝါများကိုဆိုလိုကြောင်း၊ သစ်ပင်သက်ရှိလူသားများ၊ တိရစ္ဆာန်များ၊ မှိုနှင့် သေးငယ်သော ဘက်တီးရီးယားများအားလုံးပါဝင်ကြောင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ၏အရေးပါပုံ၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးလာရသည့်အကြောင်းများ၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်ဆီးဆုံးရှုံးမှုများကြောင့် နောက်ဆက်တွဲဆိုးကျိုးများကို ရှင်းပြပေးခဲ့ပြီး ဇီဝမျိုးစုံဇီဝမျိုးစုံမျိုးကွဲ များမပျက်ဆီးအောင် ထိန်းသိမ်းရမည်တို့ကို အကြံပြုဆွေးနွေးခဲ့သည်။

ခရိုင်ပြန်/ဆက် (ပြင်ဦးလွင်)