သထုံ ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ပြည်သူများလေ့လာကြည့်ရှုပြီး ဗဟုသုတတိုးပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ခင်းကျင်းပြသထားကြောင်း သိရသည်။
ထိုသို့ပြသရာတွင် ယနေ့ကျရောက်သည့် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဥ် မှတ်တမ်းများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ အရှေ့ဖျားရေငုတ်သင်္ဘောဌာနချုပ်၊ အာကာသလွှတ်တင်ရေးစခန်း၊ လေယာဉ် ထုတ်လုပ်ရေး စက်ရုံများ လေ့လာကြည့်ရှုခဲ့သည့် မှတ်တမ်းပုံများအား ပြသဆောင်ရွက်ထားရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သည့် စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများတို့က စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်