(၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်တွင် ပြသပေး

မိုင်းယန်း ဖေဖော်ဝါရီ  ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် အများပြည်သူများ အလွယ်တကူကြည့်ရှု လေ့လာနိုင်ရန်အတွက် ယမန်နေ့က (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ အလွယ်တကူ ကြည့်ရှုနိုင်စေရေး မြေစိုက်နံရံကပ်တွင် ပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးနံရံကပ်ပြဘုတ်တွင် မိုင်းယန်းမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ အလွယ်တကူကြည့်ရှုနိုင်စေရန်အတွက် မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး မှတ်တမ်းဓါတ်ပုံများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတတို့၏ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေသော မှတ်တမ်းဓါတ်ပုံများ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့၏ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူဆောင်ရေး အထိမ်းအမှတ်မှတ်တမ်းဓါတ်ပုံများ၊ နှစ်နိုင်ငံအကြီး အကဲတွေ့ဆုံမှု မှတ်တမ်းဓါတ်ပုံများ၊  ရုရှား-မြန်မာ (၇၅)နှစ်မြောက် စိန်ရတု ဂုဏ်ပြုဆောင်းပါး ဖြစ်သည့် ဆောင်းပါရှင် နွေကံ့ကော်(မြို့လှ) ရေးသားသည့် ရုရှား-မြန်မာ (၇၅)နှစ်တာ စိန်ရတု ခရီးလမ်းမှသည် ဆောင်းပါးနှင့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး အထိမ်းအမှတ် ဆောင်းပါဖြစ်သည့် ဆောင်းပါရှင် ဒေါက်တာနိုင်ဆွေဦး ရေးသားသည့် အစွန့်ရှည်ကြာ တည်တံ့ခိုင်မြဲနေမည့် မြန်မာ-ရုရှား ဆက်ဆံရေး ဆောင်းပါးတို့ကို အများပြည်သူသိရှိနိုင်စေရန် အတွက် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး