ပြည် ဖေဖော်ဝါရီ ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ−ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့က ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် မြန်မာ−ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် မြန်မာ-ရုရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံခေါင်းဆောင်အကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းနှင့် အစိုးရ အချင်းချင်းနှစ်နိုင်ငံရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ တွေ့ဆုံလက်မှတ် ရေးထိုးမှုမှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှနိုင်ငံခရီးစဉ်တွင် ရုရှားအရှေ့ဖျား ရေငုတ်သင်္ဘောဌာနချုပ်၊ ရုရှားရဟတ်ယာဉ်ကုမ္ပဏီများနှင့် အာကာသယာဉ်လွှတ်တင်ရေး စခန်းတို့အား ကြည့်ရှုလေ့လာသည့် မှတ်တမ်းဓာတ်ပုံများနှင့် (အာဆီယံ−ရုရှား) နှစ်(၂၀)ပြည့် ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)