ရွှေကျင် ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ အစိုးရအချင်းချင်း နှစ်နိုင်ငံ ရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနားဓာတ်ပုံများ၊ ရုရှား အရှေ့ဖျား ရေငုတ်သင်္ဘောဌာနချုပ်၊ ရုရှားရဟတ်ယာဉ်ကုမ္ပဏီများနှင့် အာကာသယာဉ်လွှတ်တင်ရေး စခန်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံအကြီးအကဲများ ကြည့်ရှုလေ့လာကြသည့် မှတ်တမ်း ဓာတ်ပုံများနှင့် နှစ်(၂၀)ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးမှတ်တမ်း ဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြသထားရာ ပြည်သူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။ ထွန်းထွန်းဇော်(ပြန်/ဆက်)