နယ်ရုံးများ၏သတင်းများ

Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အေးရိပ်သာဓမ္မာရုံတွင် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၉:၃၀)က ကျင်းပပြုလုပ်ခဲ့ပါသည်။
Dec 07,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ညနေပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အိမ်တွင်းအကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
Dec 07,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” ကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
Dec 07,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်​ဆံရေး ဦးစီးဌာနနှင့်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ်တန်း စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။
Dec 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ပုံဖော်ဖန်တီးမှုစွမ်းရည်နှင့် မှတ်သားမှုစွမ်းရည်တိုးတက်လာစေရန်၊ ပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်ရဲသည့် အလေ့အကျင့်များရရှိလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ (၆) ရက်နေ့ ညနေပိုင်းက အရုပ်နှင့်စာတွဲနည်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Dec 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် စာရေးဆရာ မောင်စည်သူ (အဖျောက်) ရေးသားထားသော "တာဝန်သိစိတ် တာဝန်ယူစိတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Dec 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသားလူငယ်များအနေဖြင့် ဝိုင်းဖွဲ့ဆွေးနွေးအဖြေရှာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်မောင်မယ်များ၏ အတွေးအခေါ် ဗဟုသုတများ တိုးပွားရေး၊ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ လူငယ်နှင့်အားကစား စကားဝိုင်းကို ယမန်နေ့ မွန်လွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
Dec 07,2022
 မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၅) အခြေခံ ပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်၊ လူငယ်များအချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိ‌စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို အဆိုပါစာသင်ကျောင်းရှိ သဟာရညီမူယာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။