နယ်ရုံးများ၏သတင်းများ

Feb 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျား၊ မ အခြေပြု အကြမ်းဖက်မှု အသိပညာပေးTalk Show ကို ယနေ့နံနက် ပိုင်းက ကျင်းပခဲ့သည်။
Feb 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ:၃၀နာရီအချိန်က အ.မ.က (မူလွန်) ဘုရားချောင်း(ရပ်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 20,2023
မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ကို အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက စတင်ပြသဆောင်ရွက်ခဲ့သည်။
Feb 20,2023
ယနေ့ခေတ်လူငယ်များ ကိုယ်ကျင့်သီလ၊ စာရိတ္တမပျက်ပြားစေရန် စောင့်ထိန်းရမည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာနှင့် ဘာသာတရားများကို ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ပါသည်။
Feb 20,2023
ယနေ့ခေတ်လူငယ်များ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာပေကိုပိုမိုဖတ်ရှု‌ လေ့လာနိုင်စေရန် ရည်ရွယ်၍ “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လည် (၁) နာရီက ဆောင်ရွက်ခဲ့ပါသည်။
Feb 20,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)  တွင် ယနေ့ နံနက် ၁၁ နာရီက မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဥ်ဖြင့် အသိပညာပေးTalk Show ဆောင်ရွက်ခဲ့သည်။
Feb 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ် မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍မီးဘေးလုံခြုံရေး ပညာပေးစာစောင်များနှင့်စတေကာများကို ယမန်နေ့ နံနက် ၈ နာရီက ပုလောမြို့ ပုလောတံတားထိပ်တွင် ဖြန့်ဝေခဲ့သည်။