(၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံ‌ရေးထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသ

အင်္ဂပူ ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးမြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံ‌ရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများနှင့် အကြောင်းအရာများကို  ပြည်သူများ လေ့လာ သိရှိနိုင်‌စေရန် ယမန်နေ့ည‌နေကပြသခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင်၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် (၇၅)နှစ်ပြည့် မြောက်မှာဖြစ်သည့် မြန်မာ-ရုရှားသံတမန် ဆက်ဆံ‌ရေးထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းများ၊ အာကာသလွှတ် တင်ရေးစခန်း၊​ လေယာဥ်ထုတ်လုပ်ရေး စက်ရုံများစသည်တို့ကို လေ့လာကြည့်ရှုခဲ့သော မှတ်တမ်းပုံများကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ပြသဆောင်ရွက်ထားပြီး ပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)