နယ်ရုံးများ၏သတင်းများ

Jan 24,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယ‌နေ့နံနက်ပိုင်းက လူငယ်နှင့်ယဉ်‌ကျေးမှုအကြောင်းအသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Jan 24,2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီ ကမန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 24,2023
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပေါ့မိုင်းရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်ကလေးများ ဖတ်ရှုလေ့လာနိုင်ရန် အသိပညာပေး နံရံကပ်ပိုစတာများနှင့် စာအုပ်စာပေများ ခင်းကျင်း ပြသပေးထားကြောင်း မင်းဘူးခရိုင် ပြန်/ဆက်ဦးစီးဌာနမှ သိရသည်။
Jan 23,2023
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသွားရောက် ကြည့်ရှုအားပေးခဲ့သည်။
Jan 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ကျင်းပခဲ့သည်။
Jan 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း တို့ပူးပေါင်း၍ ဆောင်းရာသီအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပ​ပြုလုပ်ခဲ့သည်။