သာပေါင်းမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအနေဖြင့် မှတ်တမ်းဓာတ်တ်ပုံများအား မြေစိုက်နံရံကပ် ပြဘုတ်တွင်ပြသထားရှိ

သာပေါင်း ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်တ်ပုံများ ပြသထားရှိသည်။
သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်တ်ပုံများ၊နှစ်နိုင်ငံအကြီးအကဲများ၏ တွေ့ဆုံမှုမှတ်တမ်းဓာတ်တ်ပုံများ၊ တိုင်းရင်းသားညီအကိုမောင်နှမများ၏ ရိုးရာဓလေ့များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ကျန်းမာရေးနှင့် သဘာဝဘေး အသိပညာပေးအကြောင်းအရာများကို ဖော်ပြပါရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိကြည့်ရှုလေ့လာနိုင်ရေး ခင်းကျင်းပြသထားလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း