ပဲခူးမြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိ

ပဲခူး ဖေဖော်ဝါရီ ၁၉

ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ     (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား အများပြည်သူများ လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်  ၉ နာရီက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသပေးထားရာ လာရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရှရှား သံတမန်ဆက်ဆံရေး မှတ်တမ်းဓါတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ ပါရှိကြောင်းသိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)