ဒိုက်ဦးမြို့တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်း အမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသ

ဒိုက်ဦး ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အမှတ်(၅)သံတံတားရပ်ကွက် ဒေါ်ခင်မြင့်မြင့် စာကြည့်တိုက်ရှေ့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်း အမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ အစိုးရအချင်းချင်း နှစ်နိုင်ငံ ရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနားဓာတ်ပုံများ၊ ရုရှားအရှေ့ဖျား ရေငုတ်သင်္ဘောဌာနချုပ်၊ ရုရှားရဟတ်ယာဉ်ကုမ္ပဏီများနှင့် အာကာသယာဉ်လွှတ်တင်ရေး စခန်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံအကြီး အကဲများ ကြည့်ရှုလေ့လာကြသည့် မှတ်တမ်းဓာတ်ပုံများနှင့် နှစ်(၂၀)ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်း အဝေးမှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ပြသထားရာ ပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)