နယ်ရုံးများ၏သတင်းများ

Feb 17,2023
ပျော်ဘွယ်မြို့နယ်တွင် ပြည်သူများအသိပညာဗဟုသုတရစေရှိရန်ရည်ရွယ်၍ နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရ တုရုရှား-မြန်မာဆက်ဆံရေးအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲ(၃) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသခဲ့ကြောင်း သိရသည်။
Feb 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ ဟုမ္မလင်းမြို့နယ်ခေါင်ခမ်းကျေးရွာ အ.လ.က စာသင်ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့​ကြောင်းသိရသည်။
Feb 17,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် (၇၅)နှစ် မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများလေ့လာကြည့်ရှုနိုင်ရန် ယမန်နေ့ နေလယ်( ၁၁)နာရီခွဲအချိန်တွင် ပြသခဲ့သည်။
Feb 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့တွင် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်းဆောင်ရွက်ခဲ့သည်။
Feb 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွှဲ(၁)နာရီက လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေပါ သိကောင်းစရာများ အသိပညာပေး  Talk Show ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်း ဓါတ်ပုံများကို ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသ ဆောင်ရွက်ထားလျက်ရှိသည်။
Feb 17,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရုံးရှေ့ အသိပညာပေး မြေစိုက်ဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြုလုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။