မာန်အောင် မတ် ၂၀
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်(အကြို) အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်ဝင်းက ကျောင်းသား/သူများအား တီထွင်ဖန်တီးမှု ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အမှတ်ပေးစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပန်းချီဆွဲပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၀ ဦးတို့မှ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)