နယ်ရုံးများ၏သတင်းများ

Feb 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် မြို့ထွေ/အုပ်ရုံးနှင့် မီးသတ်ဦးစီးဌာနရုံးသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Feb 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 15,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
Feb 14,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရုပ်ဆက်ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 14,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးအသိပညာ Talk Show ကို ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
Feb 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "အားတင်းထား" စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Feb 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၁၀)အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းသား၊ကျောင်းသူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Feb 14,2023
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။